အထူးအဆန်း အစားအသောက်များ ရောင်းချသော စားသောက်ဆိုင်တစ်ခုရှေ့တွင်
ဆရာဝန်ဦးနှောက်သားဟင်း (၅၀)သား ........... ၅၀၀၀ ကျပ်
အင်ဂျင်နီယာ ဦးနှောက်သားဟင်း (၅၀) သား ..... ၅၀၀၀ ကျပ်
ရှေ့နေ ဦးနှောက်သားဟင်း (၅၀) သား ......... ၆၀၀၀ ကျပ်
ကြံ့ဖွတ် ဦးနှောက်သားဟင်း (၅၀) သား ............ ၇၀၀၀၀ ကျပ်
"ကြံ့ဖွတ် ဦးနှောက်သားဟင်း က ဈေးများလှချည်လား၊ အင်မတန် စားကောင်းလို့လား"
" မဟုတ်ပါဘူး။ ကြံ့ဖွတ်ဦးနှောက် (၅၀) သားရဖို့ ကြံ့ဖွတ်တွေ အများကြီး သတ်ရလို့ပါ"
ပစ္စည်းကိရိယာ
အစုံအလင် လင်မယားနှစ်ယောက်အနက် ယောက်ကျားလုပ်သူက ငါးဖမ်းဝါသနာပါတယ်။
ဇနီးလုပ်သူကတော့ စာဖတ်ဝါသနာပါတယ်။ တစ်နေ့တော့ လင်လုပ်သူ ငါးဖမ်းပြီး
ပြန်အလာ ဇနီးလုပ်သူက ယောက်ကျားရဲ့ ငါးဖမ်းလှေကို ယူပြီး မြစ်ရိုးတစ်လျှောက်
လှော်ထွက်လာခဲ့တယ်။ မြစ်ရိုးတစ်လျှောက် လှေလှော်လိုက်၊ လေညှင်းခံလိုက်၊
စာဖတ်လိုက် လုပ်နေတုန်း မော်တော်ဘုတ်တစ်စင်းနဲ့ ရဲသားတစ်ယောက်ရောက်လာတယ်။
လှေချင်းယှဉ်လိုက်မိတော့ ရဲသားက လှေဝမ်းထဲက ငါးမျှား ကိရိယာတွေကိ ကြည့်ပြီး
" ဟေ့... ဒီနေရာမှာ ငါးမမျှားရဘူးဆိုတာ မသိဘူးလား။ ဒါ ကန့်သတ်နယ်မြေကွ"
အမျိုးသမီးက " ကျွန်မ ငါးမမျှားပါဘူး။ ဒီမှာ စာအုပ်ဖတ်နေတာပဲ"
" ဘာပဲ ဖြစ်ဖြစ်လေ မင်းမှာ ပစ္စည်းကိရိယာ အစုံအလင် ပါနေတာပဲ။ အဲဒီအတွက်တော့
မင်း ဒဏ်ငွေ ဆောင်ရလိမ့်မယ်"
" ဒါဆိုရင် ရှင့်ကိုလည်း ကျွန်မက မုဒိန်းမှုနဲ့ တရားစွဲရလိမ့်မယ်"
" ဟေ့ မင်းကို ငါ လက်ဖျားနဲ့တောင် မတို့ရသေးဘူးနော်"
မင်းသမီး
မင်းသမီး။ ။ တရားသူကြီးရှင့် ဒီစာရေးဆရာဟာ သူ့ရဲ့ ဝေဖန်ရေး ဆောင်းပါးထဲမှာ
ကျွန်မကို ၀က်မ လို့ သုံးနှုံးပြီး ရေးထားပါတယ်။ အဲဒီ အတွက်သူ့ကို
တရားစွဲဆိုပါတယ်။ ဟောဒီမှာ သက်သေအဖြစ် သူရေးထားတဲ့ ဝေဖန်ရေး
ဆောင်းပါးပါ။
တရားသူကြီး။ ။ သက်သေ အထောက်အထား ခိုင်လုံတဲ့အတွက် မောင်မင်း
မင်းသမီးကို အများရှေ့မှာ လူသိရှင်ကြား တောင်းပန်ပါ။ အဲလိုမှ
မဟုတ်ရင် မောင်မင်း ဒဏ်ငွေ ဆောင်ရလိမ့်မယ်။
စာရေးဆရာ။ ။ ကောင်းပါပြီ တစ်ခုမေးပါရစေ တရားသူကြီးမင်း ခင်ဗျား
မင်းသမီးကို ၀က်မ လို့ ခေါ်တာ ကျွန်တော့မှာ အပြစ်ရှိတယ်ပေါ့။
တရားသူကြီး။ ။ ဟုတ်တယ်။ မခေါ်နိုင်ဘူး ထပ်ခေါ်ရင် ထပ်တရားစွဲခံရလိမ့်မယ်။
စာရေးဆရာ။ ။ ဟုတ်ပါပြီ ဒါဆို ၀က်မ ကိုရော မင်းသမီးလို့ ခေါ်ရင် တရားဥပဒေနဲ့
ငြိစွန်းပါသလားခင်ဗျာ
တရားသူကြီး။ ။ မငြိစွန်းပါဘူး
စာရေးဆရာ။ ။ ဒါဆို ၀က်မကို မင်းသမီးလို့ခေါ်ရင် ကျွန်တော့မှာ အပြစ်မရှိဘူးပေါ့နော်
တရားသူကြီး။ ။ ဟုတ်တယ် မရှိဘူး
စာရေးဆရာ။ ။ ကောင်းပါပြီဗျာ အများရှေ့မှာပဲ ကျွန်တော် တောင်းပန်ပါ့မယ်
ကဲ .. ဒီအမှုမှာ အနိုင်ရသွားတဲ့ ခင်ဗျားကို ကျွန်တော် တောင်းပန်ပါတယ်
မင်းသမီး
ဖတ်ဖူးသမျှလေးတွေကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်
လေးစားစွာဖြင့်
No comments:
Post a Comment