Thursday, September 6, 2012

ကလေးအတွေး


(၁)

အမွှာလေးနှစ်ယောက်က ကျောင်းဆင်းပြန်တာနဲ့ ဖေဖေ့ကို အားရဝမ်းသာပြောတယ်။

"ဖေဖေ.. ဖေဖေ... ဒီနေ့အခန်းထဲမှာ အချောဆုံး၊
အခန့်ဆုံးဖခင်တစ်ဦးကိုရွေးပါလို့ မဲပေးကြတော့ ဖေဖေရသွားတယ်သိလား?"


"ဟုတ်လား... ! ဖေဖေက ဘယ်လိုရသွားတာလဲ?"

"လူတိုင်း ကိုယ့်ဖေဖေကို ကိုယ်မဲထည့်ကြတယ်လေ။ ဖေဖေက မဲနှစ်မဲနဲ့ အနိုင်ရသွားတာပေါ့"

(၂)

"ဖေဖေ... မောင်မောင်ရဲ့ အဖေက ရေကူးအရမ်းတော်တာပဲ။ ဖေဖေကျတော့ ဘာဖြစ်လို့
ရေမကူးတတ်တာလဲ?"

"မောင်မောင်ရဲ့ အဖေက ငါးအမြဲစားတော့ ရေကူးတတ်တာပေါ့။ ဖေဖေက ငါးမှမစားတာ
ဘယ်ရေးကူးတတ်ပါ့မလဲ?"

"ဟင်း... ဖေဖေက ကြက်သားအမြဲစားတယ်ဆိုပေမယ့် ဥလဲ မဥတတ်ပါလား!"

(၃)

"ဒီစာတစ်ပုဒ်ကို အလွတ်ဆိုနိုင်ရင် သားကို ကြက်ကောင်လုံးကင် ဝယ်ကျွေးမယ်"

"ဖေဖေ... သား နှစ်ပိုဒ်ပဲဆိုမယ်။ သား ကြက်ပေါင်နှစ်ချောင်းပဲ စားချင်လို့ပါ"

ဦးနှောက်သားဟင်း



     အထူးအဆန်း အစားအသောက်များ ရောင်းချသော စားသောက်ဆိုင်တစ်ခုရှေ့တွင်
                    ဆရာဝန်ဦးနှောက်သားဟင်း (၅၀)သား   ...........      ၅၀၀၀ ကျပ်
                   အင်ဂျင်နီယာ ဦးနှောက်သားဟင်း (၅၀) သား  .....      ၅၀၀၀ ကျပ်
                   ရှေ့နေ ဦးနှောက်သားဟင်း (၅၀) သား     .........      ၆၀၀၀ ကျပ်
                   ကြံ့ဖွတ် ဦးနှောက်သားဟင်း (၅၀) သား  ............    ၇၀၀၀၀ ကျပ်
    "ကြံ့ဖွတ် ဦးနှောက်သားဟင်း က ဈေးများလှချည်လား၊ အင်မတန် စားကောင်းလို့လား"
   " မဟုတ်ပါဘူး။ ကြံ့ဖွတ်ဦးနှောက် (၅၀) သားရဖို့ ကြံ့ဖွတ်တွေ အများကြီး သတ်ရလို့ပါ"

ပစ္စည်းကိရိယာ
 အစုံအလင်  လင်မယားနှစ်ယောက်အနက် ယောက်ကျားလုပ်သူက ငါးဖမ်းဝါသနာပါတယ်။
  ဇနီးလုပ်သူကတော့ စာဖတ်ဝါသနာပါတယ်။ တစ်နေ့တော့ လင်လုပ်သူ ငါးဖမ်းပြီး
  ပြန်အလာ ဇနီးလုပ်သူက ယောက်ကျားရဲ့ ငါးဖမ်းလှေကို ယူပြီး မြစ်ရိုးတစ်လျှောက်
  လှော်ထွက်လာခဲ့တယ်။  မြစ်ရိုးတစ်လျှောက် လှေလှော်လိုက်၊ လေညှင်းခံလိုက်၊
  စာဖတ်လိုက် လုပ်နေတုန်း  မော်တော်ဘုတ်တစ်စင်းနဲ့ ရဲသားတစ်ယောက်ရောက်လာတယ်။
  လှေချင်းယှဉ်လိုက်မိတော့ ရဲသားက လှေဝမ်းထဲက ငါးမျှား ကိရိယာတွေကိ ကြည့်ပြီး
 " ဟေ့... ဒီနေရာမှာ ငါးမမျှားရဘူးဆိုတာ မသိဘူးလား။ ဒါ ကန့်သတ်နယ်မြေကွ"
 အမျိုးသမီးက " ကျွန်မ ငါးမမျှားပါဘူး။ ဒီမှာ စာအုပ်ဖတ်နေတာပဲ"
 " ဘာပဲ ဖြစ်ဖြစ်လေ မင်းမှာ ပစ္စည်းကိရိယာ အစုံအလင် ပါနေတာပဲ။ အဲဒီအတွက်တော့
  မင်း ဒဏ်ငွေ ဆောင်ရလိမ့်မယ်"
  " ဒါဆိုရင် ရှင့်ကိုလည်း ကျွန်မက မုဒိန်းမှုနဲ့ တရားစွဲရလိမ့်မယ်"
 " ဟေ့   မင်းကို ငါ လက်ဖျားနဲ့တောင် မတို့ရသေးဘူးနော်"
 " အိုး ... ရှင့်မှာလည်း ပစ္စည်းကိရိယာ အစုံအလင် ပါတာပဲ မဟုတ်လား"

ဟာသလေးပါနော်

ဟာသ
  နေရာ ... စိတ္တဇဆေးရုံ>
ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား?
  နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့
  ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား..
  လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"

  နောက်တစ်နေ့ ....
  နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင်
  ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့်
  လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က
  ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး
  ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း
  မစားချင်ဘူးလားကွ" ဟူတည်း။


ဟာသ(၂)
လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့

အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ်
 ၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့
 အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်က
 နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက် ပြစ်ဒဏ် ၁၀နှစ်က
 နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကိုဖော်ကောင်လုပ်တဲ့အတွက်" လို့
 ပြောလိုက်သတဲ့။

ဒညင်းသီးနဲ့ ပဲကြီးလှော် မစားသူများ မကြည့်ရ





ဒီနေ့ ကျွန်တော့မွေးနေ့ ... မနက်အစောကြီး ချစ်သူနဲ့ ဘုရားသွားခဲ့ပြီ ... ညရောက်ရင် ကျွန်တော့အိမ်မှာ အံ့သြဖွယ် မွေးနေ့လေး ဖြစ်သွားစေရမယ်လို့ ချစ်သူကပြောတယ်... လုံးဝ suprise ဖြစ်စေရမယ့်တဲ့... ဒီသတင်းထူးလေးကို ရင်မှာပိုက်ပြီး... ကျွန်တော်ရဲ့အထည်ဆိုင်လေးကို ရောက်ခဲ့တယ်... ချစ်သူလည်း သူ့အလုပ် ကို သွားပြီ...
ကျွန်တော် ဒီနေ့ အလုပ်လုပ်ရတာ တအားပျော်နေတယ်... ဖောက်သည်တွေနဲ့ စကားဖွဲ့နေလိုက်တာ ... ထမင်းစားချိန်တောင်ကျော်သွားခဲ့တယ်..ထမင်းဆိုင်ကိုရောက်တော့ ညနေ၃နာရီရှိပြီ ဟင်းက ဘာမှ သိပ်မကျန်တော့ဘူး ... ပဲကြီးလှော်သုပ်နဲ့ ဒညင်းသီးချက်... ကျွန်တော်အကြိုက်ဆုံးဟင်း၂ခွက် ... ပြီးတော့ ကျွန်တော် မစားရဲဆုံး ဟင်း၂ခွက် မတတ်နိုင်တော့ပြီ ... ဒါမှ မစားရင် စားစရာမရှိ ခဏနေ ဆိုင်မှာ ပစ္စည်းရောက်လို့ အလုပ်ကလုပ်ရအုံးမယ်.. အားမရှိလို့မဖြစ်... ထမင်း၂ပန်းကန် ကုန်တော့ ကျွန်တော် ဆိုင်ကိုပြန်လာခဲ့တယ်...
ဆိုင်သိမ်းချိန်က ညနေ ၆နာရီခွဲ .. ဆိုင်သိမ်းဖို့ တံခါးပိတ်နေတုန်းမှာ ဗိုက်ထဲက စစ်ဖြစ်လာပြီ ... အထက်ပိုင်းနယ်မြေက အောက်ဘက်ကို ဖိတိုက်နေတယ်... ညနေပိုင်းနေအေးချိန်မို့လားဆိုင်ရှေ့လမ်းမှာ လူအနည်းငယ် ရှိနေတယ်... တခါးကိုအသံထွက်အောင် ဆောင့်ပိတ်လိုက်တယ်... ဒိန်း ..( ဘူ ....) .. တပြိုင်းတည်းဖြစ်အောင် စည်းချက်ညီညီပဲ ဘယ်သူမှမသိအောင် အီးပေါက်လိုက်တယ်... ပိုင်သကွာ... ဒါပေမယ့် ... နေ့လည်စာ ပဲကြီးလှော်နဲ့ဒညင်းသီးက ပညာပြပြီးရင်းပြပဲ ... အနံ့သက်က လမ်းသွားလမ်းလာ တွေ နှာခေါင်းရှုံ့သွားကြစေတယ်... ဗိုက်ထဲမှာ နောက်တစ်ကြိမ်လေစုနေပြန်ပြီအပြင်ထွက်ဖို့အားခဲနေတယ်.. လမ်းသွားလမ်းလာတွေကို အားနာလို့ အားခဲပြီးအောင့်ထားလိုက်တယ်.. မျက်နှာကြီးကို နီလို့ ... ကားရပ်နားတဲ့နေရာကို ခြေထောက်လေးစုပြီး လမ်းလျှောက်လာလိုက်တာ... အခြောက်လို့ အထင်ခံရပြီး အစခံလိုက်ရသေး ... ကားတံခါး သော့ကို remove နဲ့နှိပ်လိုက်တယ် "တီ .. တီ .."
တံခါးဖွင့်ပြီး ကားထဲအမြန်ဝင်လိုက်တယ်... " ဘူ ... ." ဟား ... နံစော်နေလိုက်တာ... စက်နိုးပြီး ကားပြတင်း မှန် ချ မယ် အလုပ်မှာ ကားသော့က သော့ပေါက်ထဲ မထည့်ရသေးဘူး ဖုန်းကမြည်လာတယ်... ringtone ကို နားထောင်တာနဲ့သိတယ်.. ချစ်သူစီက ဖုန်း ...
၂ခါမြည်လို့မှ မကိုင်ရင် စိတ်ကောက်နေကြချစ်သူ ကြောင့် ဖုန်းအရင်ကိုင်ဖို့ဆုံးဖြတ်တယ်...

Monday, August 20, 2012

ရှေ့ပြောနောက်ကြည့်(ဟာသ)



ရှေ့ပြောနောက်ကြည့်

“ဘာလို့ အလုပ်က ထွက်လာတာလဲ”
“သူဌေးက အပြောအဆိုမတတ်လို့ပါ”

“ဟေ ဘယ်လိုပြောလို့လဲ”

“ကျွန်မကို သိပ်လှတာပဲတဲ့”

“ဒါလောက်ကလေး ပြောတာနဲ့ စိတ်ဆိုးရသလား”

“ကျွန်မက စိတ်မဆိုးပါဘူး၊ သူ့မိန်းမစိတ်ဆိုးသွားတာ၊ သူ့မိန်းမရှေ့ပြောတာကိုး”

အရှင်းဆုံးအဖြေ

လူနာ - Doctor ကျွန်တော်မျက်လုံး ကိုက်နေတယ် ဘာလုပ်ရမလဲဟင်
ဆရာဝန် - တလောကကျွန်တော်သွားကိုက်တယ် ကိုက်တဲ့သွားကိုဆွဲနှုတ်လိုက်တာ ပျောက်သွားတာပဲ
လူနာ - ဗျာ ?

Web ထဲမှ စုစည်းမှုဟာသများ


သူ.အတွေး
ကျောင်းသားလေးတစ်ယောက်ကို သူ.အမေက ကျောင်းလာအပ်တယ် ... သူ.သားက အရမ်းတော်လွန်း၊ ဥာဏ်ထက်လွန်းလို့ သူငယ်တန်းကနေ စမတက်ဘဲ သုံးတန်းကနေ ထားပေးပါလို့ တောင်းဆိုတယ်တဲ့ ... အဲဒါနဲ့ ကျောင်းအုပ်ဆရာကြီးကလည်း စာမေးတာပေါ့ ...
ကျောင်းအုပ်။ ။ ငါး .. ငါးလီ ...
ကလေး ။ ။ နှစ်ဆယ့်ငါး
ကျောင်းအုပ်။ ။ သုံး .. သုံးလီ ..
ကလေး ။ ။ ကိုး
ကျောင်းအုပ်။ ။ ကိုး ... ကိုးလီ ..
ကလေး ။ ။ ရှစ်ဆယ့်တစ်
ကျောင်းအုပ်။ ။ တော်လိုက်တဲ့ ကလေး .. ကဲ .. သွားကွာ .. သုံးတန်း ...

ဒါပေမဲ့ .. သုံးတန်းဆရာမက ကဲ ဒီအတိုင်းတော့ မရဘူး ... ငါလဲ မေးဦးမယ်ဆိုပြီး စစ်ပါလေရောတဲ့ ....
ဆရာမ။ ။ သားလေး ... ဆရာမတို့မှာ နှစ်ခု ပဲ ရှိတယ် ... နွားမှာ လေးခု ရှိတယ် .. အဲဒါ ဘာလဲ ....
ကလေး။ ။ ခြေထောက်ပေါ့ ချာမရဲ့ ....
ဆရာမ။ ။ ဒါဆို သားလေးရဲ. အောက်မှာ နှစ်ခု ရှိတယ် ... ဆရာမဆီမှာ တစ်ခုမှ မရှိဘူး ... အဲဒါရောဘာလဲ ...

ရယ်ချင်ပါသလား ဖြေးဖြေးရယ်ပါ


အတွေးအခေါ် ။ ။အပျိုကြီးများ အိမ်ထောင်မရှိကြ..။
မှုခင်း ။ ။နွားပြာကြီးသေဆုံးရာမှ အမဲသားဖြစ်သွားခြင်း..
သုတေသန ။ ။ကလေးများကို မိခင်နို့တိုက်ကျွေးလျှင် တချိန် လူကြီးဖြစ်လာနိုင် ဟုဆို..။
နိုင်ငံတကာ အရေး ။ ။..ဖင်လန်နှင့် ဥရုဂွေး တယောက်ကိုတယောက်ကို မကြည့်နိုင်လောက်အောင်ဖြစ်နေရာ

မှ...စစ်ရေးအသွင်ပြောင်း.၊..ခုချိန်တွင်ဥရုဂွေးမှာ မတည်ငြိမ်ပဲ လှုပ်တုတ်တုတ်ဖြစ်နေ...။
အားကစား သတင်း။ ။ ..ပြေးခုန်ပစ်တွင် ကပ်ပလီများ ကို ဆေးစစ်ရာမှ အသားမဲကြောင်းတွေ့ရှိ..။
ကျန်းမာရေး။ ။....တနေ့ပန်းသီး တလုံးစားလျှင် တလ အလုံး 30 မှ 31 လုံး ထိကုန်နိုင်...။
သိပ်ပံပညာ.။ ။..အနာဂတ်တွင် ယောက်ျား ရှားပါး မှုကြောင့် မိန်းမများ ယောက်ျား shopping ထွက်ခြင်း၊.လေလံဆွဲခြင်း၊...ယော
က်ျားလု စစ်ပွဲများဖြစ်ခြင်း....၊.ခရမ်းသီးများဈေးတက်ကုန်ခြင်း တို့ ဖြစ်လာနိုင်ကြောင်း....
အနုပညာ ။ ။ရုပ်ရှင်ရိုက်ကွင်းများတွင် ကင်မရာ အစား ၀ါးရင်းတုတ်ဖြင့် ရိုက်မည့် အစီအစဉ်အား မိုက်တီး ကတင်သွင်း ရာ မောင်မျိုးမင်း(ရေတွင်းပျက်) က ပယ်ချလိုက်ကြောင်း.....။

စာသင်ခန်းဟာသများ


ဘယ်မှမသွားတဲ့မျက်နှာ
ကျောင်းပြောင်းလာတဲ့ဂျော်နီ့ကို သူအသစ်ကြုံရတဲ့ဆရာက ပြောတယ်။
``မင်းမျက်နှာကို ငါ အရင်က တစ်နေရာရာမှာ တွေ့ခဲ့ဖူးသလိုလိုပဲ´´
``မဖြစ်နိုင်ဘူးနဲ့တူတယ် ဆရာ၊ ကျွန်တော့်မျက်နှာဟာ ကျွန်တော့် နားရွက် နှစ်ဖက်ကြားမှာ အမြဲရှိနေတာပဲ´´
-
ကတ်သီးကတ်သပ်
ဆရာဝန်က အန်ဒီလေးကို စမ်းသပ်အပြီးမှာ ပြောတယ်။
ဆရာဝန် - မင်းက ဘာမှဖြစ်တာမဟုတ်ပါဘူး။ အပျင်းလွန်တာလေးသက်သက်ပါ။
အန်ဒီ - အဲဒါကို ဆေးပညာသုံးဝေါဟာရနဲ့ ဘယ်လိုခေါ်သလဲဆိုတာ ပြောလိုက်ပါ ဆရာ။ ဒါမှ ကျွန်တော် ဆရာမကို ပြန်ပြောပြီး ခွင့်တိုင်နိုင်မှာမို့လို့ပါ။
-
သူ့မနော
မကြာခင်ထွက်မယ့် လေ့လာရေးခရီးမှာ အန္တရာယ်ကင်းစေဖို့အတွက် အတန်း ခေါင်းဆောင်တွေနဲ့ ဆရာတွေ တိုင်ပင်ဆွေးနွေးနေကြတယ်။
``ကျောင်းသားတစ်ယောက်ယောက်များ မတော်တဆ လှေပေါ်က ပြုတ်ကျသွားရင် ဘာလုပ်မလဲ´´
ဆရာကြီးက မေးလိုက်တယ်။ ဖရက်ဒီက မဆိုင်းမတွဘဲ…
``အော်ပြီး ချက်ချင်း လှေကို ရပ်ခိုင်းပါမယ်´´
ဆရာကြီး ကျေနပ်သွားတယ်။
``ဟုတ်ပြီ၊ တကယ်လို့ ဆရာတွေထဲက တစ်ယောက်ယောက်များ ပြုတ်ကျရင်ရော´´
``ဟို… ဘယ်တစ်ယောက်လဲဟင်´´
Related Posts Plugin for WordPress, Blogger...