Sunday, August 12, 2012

ရယ်ချင်ရင်ဖတ်

သူ့အတွေး

ကျောင်းသားလေး တစ်ယောက်ကို သူ့ အမေက ကျောင်းလာအပ်တယ် ... သူ့ သားက
အရမ်းတော်လွန်း၊ ဉာဏ်ထက်လွန်းလို့ သူငယ်တန်း ကနေ စမတက်ဘဲ သုံးတန်းကနေ
ထားပေးပါလို့
တောင်းဆို တယ်တဲ့ ... အဲဒါနဲ့ ကျောင်းအုပ် ဆရာကြီးကလည်း
စာမေးတာပေါ့ ...

ကျောင်းအုပ်။ ။ ငါး .. ငါးလီ ...
ကလေး ။ ။ နှစ်ဆယ့်ငါး
ကျောင်းအုပ်။ ။ သုံး .. သုံးလီ ..
ကလေး ။ ။ ကိုး
ကျောင်းအုပ်။ ။ ကိုး ... ကိုးလီ ..
ကလေး ။ ။ ရှစ်ဆယ့်တစ်
ကျောင်းအုပ်။ ။ တော်လိုက်တဲ့ ကလေး .. ကဲ .. သွားကွာ .. သုံးတန်း ...

ဒါပေမဲ့ .. သုံးတန်း ဆရာမက ကဲ ဒီအတိုင်းတော့ မရဘူး ... ငါလဲ မေးဦးမယ်ဆိုပြီး စစ်ပါလေရောတဲ့ ....

ဆရာမ။ ။ သားလေး ... ဆရာမတို့မှာ နှစ်ခု ပဲ ရှိတယ် ... နွားမှာ လေးခု ရှိတယ် .. အဲဒါ ဘာလဲ ....
ကလေး။ ။ ခြေထောက်ပေါ့ ချာမရဲ့ ....
ဆရာမ။ ။ ဒါဆို သားလေးရဲ. အောက်မှာ နှစ်ခု ရှိတယ် ... ဆရာမဆီမှာ တစ်ခုမှ မရှိဘူး ... အဲဒါရောဘာလဲ ...
ကလေး။ ။ အိပ်ကပ်ပေါ့ .. ချာမဆီမှာ ရှိမှ မရှိတာ .. သားသားမှာ နှစ်ခု ..
ဆရာမ။ ။ ဟားးးးးး ... တယ်တော်တဲ့ ကလေးလေးပဲ .. အိုကေ .. သား သုံးတန်းမှာ ..
တက်ခွင့် ရသွားပြီ ...
ကျောင်းအုပ်။ ။ နေ .. နေ ပါအုံး .. ဆရာမရယ် ... ဒီကလေးကို ငါးတန်းပဲ
ပို့လိုက်ပါ .. ကျွန်တော် တွေးတာနဲ့ သူဖြေတာ တစ်ခြားဆီပဲ ....


လူလည်

တစ်ခါက တောသားတစ်ယောက်ဟာ မြို့တက်လာတယ်။ သူဟာ မြို့က
အဆောက်အဦအမြင့်ကြီးတွေကို ကြည့်ပြီး အထပ်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာ
ရေတွက်နေလေရဲ့။ အဲဒီမှာ မြို့သား လူလည် တစ်ယောက်ရောက်ချလာပြီး.... ....

( မြို့သား)။ ။ “ဒီမှာ၊ ဒီမှာ၊ ကျွန်တော်တို့ မြို့မှာ အဆောက်အဦး တွေကို ဒီလို
ရေတွက်ချင်တိုင်း ရေတွက်လို့ မရဘူးဗျ။ အထပ် တစ်ထပ်ကို 100 နှုန်းနဲ့ ရေရတယ်။
အခု ခင်ဗျား ရေထားတာ ဘယ်နှစ်ထပ် ရေ ပြီးပြီလဲ”။

(တောသား) ။ ။ “သြော်၊ ကျွန်တော် 10 ထပ်ပဲ ရေရပါသေးတယ်”။....

( မြို့သား)။ ။ “ဒါဆို ကျွန်တော့်ကို 1000 ပေး။ ခင်ဗျားကို ကျွန်တော် ရေတွက်ခွင့် လက်မှတ်
ပေးခဲ့မယ်။ ဒါနဲ့ တောသားဟာ မြို့သားကို ပိုက်ဆံ 1000 ပေးလိုက်ပြီး
သူတွေးနေတာက

“ သြော်၊ မြို့သားများ လည်တယ် လည်တယ်နဲ့ ငါနဲ့ တွေ့တော့ ခံလိုက်ရတာပဲ။ ဟီးဟီးဟီး................ .. ငါကဖြင့် 15 ထပ် လောက်တောင်
ရေပြီးပြီ ” တဲ့။

သူခိုးနှင့် ချာတိတ်

သူခိုး တစ်ယောက်သည် အိမ်ခန်းတစ်ခန်းထဲသို့ သော့တူနှင့် ဖွင့်ပြီး ဝင်လာသည်။ လေးနှစ် အရွယ်ရှိ ချာတိတ် တစ်ယောက်ကို မထင်မှတ်ဘဲ
တွေ့လေသည်။
“ ဟေ့ ချာတိတ် ...မင်းအဖေနဲ့ အမေ အိမ်မှာ ရှိလား ”
“ မရှိဘူး ” ချာတိတ်လေး ဖြေပြီး တစိမ်းကို ယုံကြည်သည့် မျက်လုံးများဖြင့်
ကြည့်သည်။ “ အဲဒါဆို ရေ တစ်ခွက်လောက် ယူခဲ့ ပေးပါ့လားကွာ ” ဤသို့ ပြောပြီး
သူခိုးက တွေးသည်၊ ချာတိတ်လေး ရေသွားယူနေတုန်း၊ အဝတ် ဘီဒိုကို ဖွင့်ပြီး
လိုချင်တာ ယူလိုက် မည်ဟု တွေးသည်။ သို့သော် ဘီဒို ဖွင့်ရုံသာ ရှိသေးသည်
ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို လှမ်းပေး လိုက်သည်။ ဘာမှ မတတ်နိုင်
ရေခွက်ထဲက ရေကို သောက်ချလိုက်ရသည်။ “ နောက်ထပ် တစ်ခွက်လောက် ခပ်ပေးပါဦးကွာ
” ဘီဒို ထဲမှ သိုးမွှေးအင်္ကျီကို ထည့်ရရုံ ရှိသေး ချာတိတ်လေး ပြန်ရောက်လာပြီး
ရေခွက်ကို ကမ်းပေးသည်။ စတုတ္ထ အကြိမ်မြောက် ရေနောက်တစ်ခွက်
ယူရန် ပြောသော အခါ ချာတိတ်လေးက ပြန်ဖြေသည်။ “ ဦးလေးကြီး ကျွန်တော်
မယူလာနိုင်တော့ဘူး..... ရေပိုက်ခေါင်းကို
ကျွန်တော် လက်နဲ့ မမှီဘူး၊ အိမ်သာထဲက ရေကလည်း ကုန်နေပြီ ခင်ဗျ ”

သိပြီးသား

စိတ်ရောဂါ ဖြစ်နေကြသူ ကိုစကူ နဲ့ ကိုဇော်ဂျီ တို့ ငှက်ပျောသီး စားနေကြသည်။
ကိုဇော်ဂျီ က ပြောသည်။
`ဟေ့... မင်းဘာဖြစ်လို့ အခွံမနွှာသလဲကွ´ စကူပြန်ဖြေသည်
`ဘာ နွှာစရာလိုသလဲ ၊ အထဲမှာ ဘာရှိတယ်ဆိုတာ ငါသိပြီးသားပဲဟာ ´

ချိုသာစွာပြောပါ

လေယာဉ်တစ်စီး ... စက်ချို့ယွင်း နေတော့ ခရီးသည်တွေ အားလုံး စိုးရိမ်ပူပန်နေကြပြီ ..။
အားလုံးက ဘုရားတလို့ ... အဲဒါကို Pilot က လေယာဉ်မယ်ကို ...
ခရီးသည်တွေကို အားပေးစကားပြောဖို့ လွှတ်လိုက်တဲ့ အခါ ... လေယာဉ်မယ်က ချိုချဉ်ဗန်းလေး
ကိုင်လို့ အပြင်ထွက်သွားပြီး .... " ကဲ ... ခရီးသည်များရှင် ... မသေခင်လေး
... အချိုတည်း ကြရအောင် ... " တဲ့ ...

ယူမိသည့် တာဝန်

“ အဝတ်အစားတွေကို လျှော်ဖို့ အမျိုးသမီးလေး တစ်ယောက်ကို ခင်ဗျား ငှားထားတယ် မဟုတ်လား။ ဘာ့ကြောင့် ကိုယ်တိုင် လျှော်နေရတာလဲ ဗျာ။ ”
ဟု အသိတစ်ယောက်က မေးသည်..။
ထိုအခါ မေးခံရသည့် ယောင်္ကျားက မသာမယာ မျက်နှာဖြင့်.....“ သူ့ကို ကျွန်တော် ယူလိုက်ပြီ လေဗျာ ” ဟု ဖြေလေသည်။
သြော်...ယူမိသည့် တာဝန်များနော်............ ...



ထိရဲရင် ထိကြည့်

သွားဆရာဝန် ဆီသို့ လူနာ တစ်ဦး ရောက်လာလေသည်။
``ဆရာ ကျွန်တော် သွားနှုတ်ချင်လို့ .. ဒါပေမယ့် ... အရမ်းနာမှာကို ကြောက်တယ်ဗျ..´´
``ဟာ.. ဒီအတွက်တော့ မပူနဲ့ … ကျွန်တော့မှာ ရဲဆေးရှိတယ်ဗျ…´´ ဟုဆိုကာ ၀ီစကီ တစ်ခွက် တိုက်လိုက် လေသည်..
``ကဲ… ဘယ့်နဲ့လဲ.. ခင်ဗျားမှာ သတ္တိတွေရှိသွားပြီးမလား..´´
``ဟုတ်ကဲ့… ကျွန်တော် သတ္တိတွေ ရှိသွားပြီဗျ….
ကျွန်တော်သွားကို ထိရဲတဲ့ကောင် ထိကြည့်စမ်း..´´

မှား/မှန်

စာမေးပွဲတစ်ခုတွင် မှား၊မှန် မေးခွန်း အမျိုးအစားများကိုသာ မေးလေသည်။
ကိုနှင်ဆီသည် ပိုက်ဆံ အကြွေစေ့ တစ်စေ့အား မြှောက်ကာ အဖြေများအား ချရေးလေသည်။ ပရော်ဖက်ဆာက စဉ်းစားလေသည်။

သူကတော့ အရင်ဆုံး ပြီးတော့မှာပဲ။
စာမေးပွဲ အချိန်ပြည့်သွားလေသည်။
ကျန်ကျောင်းသားများသည် အဖြေများရေးပြီး၊ အဖြေစာရွက် အပ်ကာထွက်သွားသော်လည်း ကိုနှင်းဆီမှာ အကြွေစေ့အားဆက်၍မြောက်နေဆဲပင်ဖြစ်လေသည်။

ပရော်ဖက်ဆာသည် စိတ်တွင် မရိုးမရွှဖြစ်လာကာ၊ ကိုနှင်းဆီအားမေးလေသည်။

မင်း မေးခွန်းအားလုံးကို ဖြေပြီးပြီ မဟုတ်လား။
- ဟုတ်ကဲ့ဖြေပြီးပါပြီ။
- အေး ဒါဆို ဘာဆက်လုပ် နေတာလဲကွ။
- အဖြေ ပြန်စစ်နေတာ ခင်ဗျ။

မုန့်စားပြိုင်ပွဲ
နိုင်ငံပေါင်းစုံ ပေါင်မုန့်စား ပြိုင်ပွဲတခု ကျင်းပသည်။ တစ်ကြိမ်တည်းနှင့် မည်သည့် နိုင်ငံသားက အများဆုံး စားနိုင်သလဲ ဆိုသည်ကို
ဖော်ထုတ်မည့်ပွဲ ဖြစ်သည်။

ပထမဆုံး ဗလကောင်းကောင်းနှင့် ကိုရီယားသား ကိုနေစိုးထိုက်တိုး ထွက်လာသည်။ ပေါင်မုန့်နှစ်လုံးကို စားလိုက်သည်။ နောက်ထပ် မစားနိုင်တော့။

စင်ကာပူနိုင်ငံသား ကိုဒဿထွက်လာသည်။ ပေါင်မုန့် သုံးလုံး စားနိုင်သည်။
နောက်ထပ် ထပ်မစားနိုင်တော့။ တရုတ်နိုင်ငံသား ကိုကျန်ဝမ်း အလှည့်
ရောက်လာသည်။ ပေါင်မုန့်လေးလုံးခွဲ ကုန်အောင် စားနိုင်သည်။ နောက်ထပ်
မစားနိုင်တော့…

မြန်မာ နိုင်ငံသား ကိုဘောလုံး ထွက်လာသည်။ တလုံးကုန်အောင်မပြောနှင့်
လေးပုံတပုံတောင် မနဲကုန်အောင် စားနေရသည်။ ကိုဘောလုံးကို
ပြိုင်ပွဲဝင်ရန်စေလွှတ်သည့် ပြိုင်ပွဲ တာဝန်ခံအား ခေါင်းဆောင်က ခေါ်ပြီး
ကြိမ်းမောင်းသည်။

“ဘယ်လိုကောင်မျိုးကို မင်းလွှတ်လိုက်သလဲကွ။ ငါလို အသက်ကြီးတဲ့ လူတောင် ကြိုးစားစားရင် တလုံးတော့ ကုန်နိုင်ပါတယ်ကွ”
တာဝန်ခံက ပြန်ပြောသည်။ “ဒီလူဟာ အခုလိုဖြစ်သွားတာနဲ့ ပတ်သက်ပြီး ကျနော်လဲ
မစဉ်းစားတတ်အောင် ဖြစ်ရပါတယ်။ ပြိုင်ပွဲ မစတင်မီ ၁၀ မိနစ်အလိုမှာ
ကျနော်တို့ သူ့ကို ကြိုတင် လေ့ကျင့်ခိုင်းတုန်း ကတောင် တခါတည်းနဲ့
၁၂လုံးကုန်အောင်
စားပြလိုက်သေးတယ် ခင်ဗျ”

ကံကောင်းလို့ 

တစ်ခါကပေါ့...လူတစ်ယောက်ဟာ ခရီးတစ်ခုထွက်လာခဲ့သတဲ့။

အဲဒီလိုနဲ့  ခရီးသွားနေတုန်း သူသွားနေတဲ့လမ်းမရဲ့ အလယ်ခေါင်မှာ ၀ါထိန်ထိန်
အပုံတစ်ပုံကိုမြင်လိုက်ရသတဲ့။ စူးစမ်းလို စိတ်ရှိနေလို
့လားတော့မသိဘူး။အဲဒါဟာဘာဖြစ်မလဲဆိုတာကို သူအရမ်းသိချင်တာပဲတဲ့။ ခြေထောက်နဲ
့ထိုးကော်ကြည့်ဖို့ ကလည်းဖိနပ်လေးက အသစ်ဆိုတော့ပေသွားမှာကြောက်တာပေါ့။ဒါနဲ
့အဲဒီအပုံကို အနံ့ ခံကြည်ုပြန်တော့လည်း နှာခေါင်းကပိတ်နေတော့ ဘာနံ
့မှမရဘူးဖြစ် နေတယ်တဲ့။ အမှန်တော့ အဲဒီအပုံကိုကျော်ပြီး
ကိုယ်သွားချင်တဲ့နေရာကို သွားလို့ ရနေတာပဲလေ။ စပ်စုချင်စိတ်များ ပြောပါတယ်
ဘာပုံလဲဆိုတာကသိချင်စိတ်ကအရမ်းပြင်းပြလာတယ်တဲ့။ နောက်ဆုံးတော့ခရီးသွားဟာ
အဲဒီ အပုံကြီးကို လက်ညှိုးလေးနဲ့ ကလော်ပြီး လျှာနဲ့
လျက်ကြည့်လိုက်သတဲ့။အဲဒီနောက်တော့သူဘာပြောလိုက်တယ်ထင်သလဲဟင်

" ထွီ...ကံကောင်းလို့ ပါလားဟေ့...မစင်ပုံကြီးကိုးကွ...ငါလျက်ကြည့်မိလို
့သာပဲ...နိုမို့ ဆို ငါ ဒီမစင်ပုံကြီးကို တက်နင်းမိတော့ မလို
့..ကံကောင်းလို့ဟေ့" တဲ့ ဗျား။

စာဖတ် ပရိတ်သတ်ကြီးလည်း ကံကောင်းနိုင် ကြပါစေနော် ဟဲဟဲ


ဘဝ အမောတွေ ပြေနိုင်ကြပါစေ...။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...