ဂန္ဓမာပန်း = မင်းကိုချစ်တော့ချစ်ပါတယ်။ မင်းအကြွေးတွေကိုတော့ တာဝန်မယူပါရစေနဲ့ ။
ဆယ့်နှရာသီပန်း = မင်းခိုင်းချင်ရင် နဖားကြိုးတပ်လိုက်ပါ။ (အဲလေ)
မင်းလိုအပ်တဲ့အချိန် ကိုယ်အမြဲရောက်လာပေးပါ့မယ်။
နေကြာပန်း = ချစ်တော့ချစ်တယ်။ ဒါပေမယ့် ယောက္ခမတွေကိုတော့ တာဝန်မယူပါရစေနဲ့။
.ချစ်သူဘ၀ ရည်းစားဘ၀မှာ ကိုယ်ချစ်တဲ့လူကိုပန်းပေးဖူးမယ် ဒါမှမဟုတ်
ချစ်သူပေးတဲ့ပန်း ရဖူးမယ်လို့ထင်ပါတယ်။ ဒီလိုပန်းပေးတဲ့အခါမှာလည်း
ပန်းကိုယ်စီမှာ အဓိပ္ပာယ်တွေရှိပါတယ်။
ကိုယ့်ချစ်သူကိုပန်းပေးတော့မယ်
သိသင့်တယ်ထင်လို့ အဘိဓာန်ပေါင်းစုံက ဖြတ်ညှပ်ကပ်လာတဲ့ အဓိပ္ပာယ်များကို
ဖော်ပြလိုက်ပါတယ်။
နှင်းဆီအဖြူ = သယ်ရင်းလေးလိုလဲချစ်တယ် ဟိုလိုလိုဒီလိုလိုလည်းချစ်တယ်။
ပြောရမယ်ဆိုရင် ငါ့အချစ်က ဟိုမရောက်ဒီမရောက်ပေါ့။
နှင်းဆီအ၀ါ = သူငယ်ချင်းကနေပြီး ချစ်သူအဖြစ်ကိုရောက်ချင်တာဟာ
စည်းကျော်တယ်မထင်နဲ့။ ဒါဟာ ဆက်ဆံရေးကို Upgrade လုပ်လိုက်တာပါ။
နှင်းဆီအနီ = နင့်ကိုငါ လုံးဝကြွေပါတယ်။ ပန်းပေးတာကိုအားနာပြီး
ငါ့ကိုစဉ်းစားပေးဦးနော်။
စံပယ်ပန်း = ငါ့ရင်ထဲမှာ နင့်ကို အမြဲသတိရနေတယ်။ အခုတောင်ဘုရားမှာ
ပန်းတွေတွေ့လို့နင့်အတွက် စွန့်လာခဲ့တယ်။
ကံကော်ပန်း = နင်နဲ့တွေ့ရတာကံကောင်းတယ်။ (တခြားလူ သိုက်တူးစရာမလိုတော့လို့)။
ဆောင်တော်ကူးပန်း = ငါနင့်ကိုသတ်ချင်တယ် (မျက်နှာများလွန်းလို့)။
ခရေပန်း = နင့်ကိုငါ တကယ်ကိုချစ်မိပြီ။ နင်ရည်းစားတွေများခဲ့လည်းချစ်
နင်ယောက်ျားရှိတယ်ဆိုဦးတော့ ကြာကူလီဘွဲ့ခံယူပြီး ချစ်ပြမယ့်ငါပါ။
ညမွှေးပန်း = ငါ့အချစ်က ခရေပန်းအချစ်ထက်လန်းပါတယ်။
လှည်းကျိုးထမ်းရပါစေဦးတော့ ဆက်ချစ်မယ့်အချစ်ပါ။
ပိတောက်ပန်း = တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် ဆိုတာ
လူကြီးတွေပြောတာပါ။ ငါ့အချစ်က ပိတောက်ပန်းလို ခဏတာချစ်မယ့်အချစ်။
ကြာပန်း = မင်းနဲ့ချစ်ရတာ ကြာလာရင် ငါပန်းတော့မယ် (လူ+ငွေ)
နှင်းပန်း = ချစ်သူ.. မင်းကိုလည်းချစ်ပါတယ်၊ မင်းနှမလေးကိုလည်း
တာဝန်ယူပါရစေ။ (အဲလေ) မင်းနှမလေးကိုလည်း ငါ့နှမလို သဘောထားပါတယ်။
ဒေါနပန်း = မင်းကိုမြင်ရင် အလိုလိုဒေါသဖြစ်တယ် (အကြောင်းတစ်ခုခုတော့ရှိရမယ်)
သော်ကပန်း = မင်းကိုတော့ချစ်ပါတယ်။ ဒါပေမယ့် ဒီဗိုက်ဟာ ကိုယ့်ဟာမဟုတ်ဘူး။
ရွက်လှပန်း = ကိုယ့်ကိုချစ်ရင် ကိုယ့်အကြွေးတွေကို မင်းဆပ်ပေးပါလား။
ဂေါ်ဖီပန်း = မိန်းမကောင်း ပန်းတစ်ပွင့်ပန်တဲ့ ကိုယ့်ချစ်သူ
တစ်ပွင့်တည်းသောပန်းနဲ့ တင့်တယ်ပါစေ။
ခွေးသေးပန်း = မင်းကို ဒီပန်းလေးလိုပဲ ကိုယ်တန်ဖိုးထားပါတယ်ကွာ။
No comments:
Post a Comment