Wednesday, August 15, 2012

ရေလည်ကြွေကုန်မယ်နော်ကောင်မလေးတွေမဖတ်နဲ့

အချစ်နဲ့ ပက်သက်လာရင် ကိုယ်ရဲ့ခွန်အားတွေဆိုတာဟာ
A ရာဝတီတိုင်းမှာ
မွှေနှောက်တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုန်းလေမုန်တိုင်းလို ကြီးမားပါရဲ့
မေရယ်.....။
မေ့ရဲ့ ပတ်ဝန်းကျင်မှာ ..
B လူး၊ဂုမ္ဘာန် ၀န်းရံစောင့်ကြပ်နေအုံးတော့၊ ကိုယ်ဘာလို့ မှုနေရမှာလဲ ..
ဟင်း ..ဟင်း ..၀ီစကီထဲ C ပလပ်ရောစပ်ပြီးဆတ်ခနဲ မော့ချလိုက်ရင်း
ရန်စွယ်တွေမှန်သမျှ အန္တရာဃ်တွေဟူသမျှကို
ဟော Dကောင် ဖြေရှင်းသုတ်သင်ပြပါမယ် မေ။
တကယ်တော့ ကိုယ်ဟာ မေနဲ့ပက်သက်လာခဲ့ရင် အင်မတန်မှ
စွဲလမ်းစိတ်ကြီးမားတဲ့သူပါမေရယ်၊
ဘယ်လောက်တောင်မေ့အပေါ် စွဲလမ်းသလဲဆိုတော့
မေအမှတ်မထင် လွှတ်ထုတ်လိုက်တဲ့ E သံကလေးကိုတောင်
အာရုံထဲမှာ စွဲငြိနေပါသေးတယ်၊ဘာပဲဖြစ်ဖြစ်ကိုယ့်အဖို့တော့ ကြင်နာသူက
လမ်းခွဲသွားရင် ကိုယ့်အသည်းတစ်ခုလုံး
F ကွဲကြေမွသွားမှာသေချာပါတယ်မေ၊
မေရယ် ကိုယ်မေတ္တာကို တုံ့ပြန်ပေးပါ။
ကိုယ့်ကို ချစ်ခွင့်ပေးပါ၊
ကိုယ်မြတ်နိုးတဲ့ ပန်းကလေးရဲ့ရနံ့ကို ပိုင်ပိုင်နိုင်နိုင်
ရှိုက်နမ်းမွှေးကြူခွင့်ပြုပါ။
သည်လိုတောင်းဆိုလိုက်တာတွေနဲ့ ပက်သက်လို့
ကိုယ်ဟာ အင်မတန်မှ G ကျတဲ့သူရယ်လို့လည်းထင်မှတ် မသွားပါနဲ့အုံး။
မေရယ် ... ကိုယ်တောင်းခံထားတဲ့အချစ်နဲ့ ပက်သက်ပြီး
H ချင်ယောင်လည်း ဆောင်မနေပါနဲ့တော့၊
ကိုယ်ဟာ တစ်သည်းမှာ တစ်သက်၊
တစ်သက်မှာတစ်သည်း၊ မျက်နှာလည်း မများတက်သလို

I တွေ.တိုင်းလည်း ခြေဆေးတက်သူ မဟုတ်ဘူးဆိုတာ
ယုံထားလိုက်စမ်းပါ၊
ကိုယ်အခု J ရုဆလင်နိုင်ငံနဲ့ ပက်သက်တဲ့ သတင်းတစ်ပုဒ် ဖတ်နေတယ် မေ၊
ပြည်တွင်းစစ်မှာ အချင်းချင်း တိုက်ကြခိုက်ကြနဲ့ အငြိုးအတေးကလည်း ကြီးပါ့၊
နဖူးကအမာရွတ် မြင်လေတိုင်း မင်းမဟော်ကို အခဲမကျေဖြစ်နေတဲ့ K ၀ဋ်ပုဏ္ဍားတောင်
လက်မြှောက်အရှုံးပေးလောက်ပါရဲ့၊ မေနဲ့ကိုယ်တို့ကြားမှာတော့ လက်ကလေးတွေ
တွက်ချိုးရေဖို့ရာ အမျက်ကလေးတွေ သက်ဆိုးမရှည်ခဲ့ပါဘူးနော်၊
ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကိုမေးကြတယ်၊
ကိုယ်ဟာမေ့ရဲ့ L စတုံအိုးကြီးကို သဘောကြလို့ ချစ်သွားတာလားတဲ့၊
ရယ်ပဲရယ်စရာကောင်းသေးတော့၊
ကိုယ်က မေ့ရင်ထဲက ဖြူစင်တဲ့နှလုံးသားလေးကိုသာ
ချစ်တဲ့အကြောင်းဖွင့် M ပြောပြလိုက်မှ ငြိမ်သွားကြတယ်၊
ဒါတောင်မှ အထွန့်တက်လာကြသေးတယ်။
မေရယ် .......။
N ဏ္ဏဝါလှိုင်းရေပြင်ထက်မှာတော့ ငှက်မောင်နှံက တူယှဉ်တွဲ ပျံသန်းလို့ပေါ့။
ကိုယ်ဟာ မေ့အပေါ် O မင်းရင့်ရော်တဲ့အထိ မပြယ်သောမေတ္တာများနဲ့
ချစ်သွားမယ့်သူပါ၊ သည်လိုမျိုး မေ့အပေါ် ထားတဲ့သစ္စာ မ P ပြင်ခဲ့ဘူးဆိုရင်
အဏ္ဏဝါမြစ်ရေအလျဉ်ကို အန်တုတားဆီးနေတဲ့ Q ပင်တွေကို
နှုတ်ပြီး ကိုယ့်ရင်ဝကို ဆောင့်ထိုးလိုက်ပါတော့။
ကိုယ်ဟာ ဖြီးဖြန်းအပိုကဲလို့ မညာတက်သလို ကျီးကန်းလိုလည်း မ R တက်ပါဘူး၊
ကိုယ်အချစ်က ငရဲမီး S ဆစ်အစားခံရတဲ့ ဇဗ္ဗူရာဇ်ရွှေစင်နှလုံးသားပါ မေရယ်၊
စကားတွေကို T တီတာတာ မဖွဲ့နွဲ့ တက်ပါဘူး၊မေတ္တာတွေပေးခဲ့ပြီင်္း သူမို့
မေတ္တာကိုတော့ ပြန် U ချင်ပါတယ်မေ။
ကိုယ်အခု ချောင်းသာကမ်းခြေကို အလကားခေါ်မယ့်သူရှိလို့ ရောက်နေတယ်မေ။
သည်စာကို ပင်လယ်က V ပင်တစ်ပင်အောက်မှာ ရေးနေတာ။
သည်အချိန်မှာပဲ ဘယ်ကကန်ထည့် လိုက်မှန်းမသိတဲ့ W ဘောလုံးတစ်လုံးက
ကျောကုန်းကိုလာမှန်တယ်၊ အမယ်လေးလေး၊ အောင့်လိုက်တာ၊ နာလိုက်တာ၊ အဆုတ်တွေ
ဘာဖြစ်သွားလဲမသိဘူး၊
ရန်ကုန်ပြန်ရောက်တော့မှပဲ X ရေး ဓါတ်မှန် ရိုက်ကြည့်ရတော့မှာပဲ။
စာလည်းရှည်သွားခဲ့ ပြီ ....... မေ။
သည်းခံပြီး ဖတ်တာ ကျေးဇူးကမ္ဘာပါ။
အဲ ....... တစ်ခုတော့ ရှိတယ်။
ကိုယ်အပေါ် မေ့ဆီက မေတ္တာတုံ့ပြန်မလာဘူးဆိုရင်တော့ ကိုယ်ဟာ အင်ဂျင် Y နဲ့
ပိုးသတ်ဆေး သောက်ရင်း Z ကျိုးလို့ နိဂုံးချူပ်သွားပါလိမ့်မယ် မေ ´´...။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...