Sunday, August 12, 2012

ဟာသလေးတွေ



မာမာ

ဆရာဝန်ဆိုတာ 
ဆေးတက္ကသိုလ်တွင် ဖြစ်သည်။
…လက်ချာပေးနေသော ပါမောက္ခကပြောသည်။
“ဆရာဝန်ဆိုတာ မရွံ့ရှာတတ်ရဘူး၊ အခုကြည့် ဟောဒီ ဆီးပုလင်းကို
ဆရာလက်ချောင်းနဲ့ နှိုက်လိုက်တယ်၊
ပြီးတော့ လက်ချောင်းကို ဆရာလျှာနဲ့ လျက်လိုက်တယ်၊ တပည့်တို့အထဲက
ဘယ်သူ ဆရာ့အတိုင်း လိုက်လုပ် နိုင်ကြသလဲ၊ ပြောပါ ”
…ကျောင်းသူကျောင်းသားအားလုံး ငြိမ်နေကြသည်။ အတန်ကြာမှ ကျောင်းသားတစ်ယောက်
ထပြီး ဆီးပုလင်းထဲ လက်ချောင်းထိုးထည့်သည်။
ထို့နောက် ပြန်နုတ်ကာ လျာနှင့် လျက်သည်။ ပါမောက္ခက ပြောသည်။
“တပည့်ဟာ မရွံ့ရှာတတ်တဲ့အတွက် ဆရာအများကြီး ချီးကြူးပါတယ်၊ ဒါပေမယ့်
တပည့်ဟာ သတိထားမှု အပိုင်းမှာ အားနည်းနေတယ်၊
ဆီးပုလင်းထဲ
ဆရာလက်ထိုးထည့်လိုက်တာ မှန်တယ်၊ ဒါပေမယ့် နောက် လက်တစ်ချောင်းကို
ဆရာလျှာနဲ့ လျက်လိုက်တာကလား တပည့်ရဲ့…”
နှမြောစရာကြီး…
ဆီးစစ်ရန်လိုသဖြင့် ဆေးရုံဓာတ်ခွဲခန်းသို့ ဦးကပ်စေး ဆီးယူလာသည်။
ဓာတ်ခွဲခန်း ၀န်ထမ်းအမျိုးသမီးက ပြောသည်။
“ဂါလံပုံးအပြည့် ဘာဖြစ်လို့ ယူလာရတာလဲ”
“ကပ်စေးနဲတယ် အပြောခံရမှာ စိုးလို့ပါ”
…နောက်တစ်နေ့…
“ရှင် ဘာဖြစ်လို့ ဆီးပုံးကို ပြန်ယူရတာလဲ”
“သြော် ဆီးထဲမှာ သကြားဓာတ်တွေ့တယ်လို့ ခင်ဗျားပဲ ပြောတယ်မဟုတ်လား၊
ဒီလောက်များတဲ့သကြား လွှင့်ပစ်ရမှာ နှမြောစရာကြီး
ဆီးစစ်ရန်လိုသဖြင့် ဆေးရုံဓာတ်ခွဲခန်းသို့ ဦးကပ်စေး ဆီးယူလာသည်။
ဓာတ်ခွဲခန်း ၀န်ထမ်းအမျိုးသမီးက ပြောသည်။
“ဂါလံပုံးအပြည့် ဘာဖြစ်လို့ ယူလာရတာလဲ”
“ကပ်စေးနဲတယ် အပြောခံရမှာ စိုးလို့ပါ”
…နောက်တစ်နေ့…
“ရှင် ဘာဖြစ်လို့ ဆီးပုံးကို ပြန်ယူရတာလဲ”
“သြော် ဆီးထဲမှာ သကြားဓာတ်တွေ့တယ်လို့ ခင်ဗျားပဲ ပြောတယ်မဟုတ်လား၊
ဒီလောက်များတဲ့သကြား လွှင့်ပစ်ရမှာ နှမြောစရာကြီး
လိုတာထက် ပိုသွားပြီ…
အိမ်ထောင်သက် ဆယ်နှစ်ပြည့်သော်လည်း လင်မယားနှစ်ယောက်တွင် သားသမီး
မထွန်းကားချေ။ ၄င်းတို့နှစ်ဦး ဆရာဝန်အသီးသီးထံ ပြကြည့်သည်။
အကျိုးမထူးချေ။ တစ်နေ့တွင် ပယောဂ ဆရာတစ်ဦးက ရောမမြို့ရှိ
စိန့်ပီတာဘုရားကျောင်းသို့ သွားပြီး ဖယောင်းတိုင်ထွန်း ဆုတောင်းရန်
၎င်းတို့ကို အကြံပေးသည်။
…နှစ်အနည်းငယ် ကြာသွားသည်။ ပယောဂဆရာသည် မိမိအကြံပြုလိုက်သည့်
လင်မယားတို့၏ အခြေအနေကို သိချင်သည်နှင့် ၄င်းတို့ နေထိုင်ရာအရပ်သို့
ရောက်လာသည်။ အိမ်ရှေ့တွင် ကလေးငယ် ငါးဦး ဆော့ကစားနေသည်ကို တွေ့ရာ ဤသို့
မေးသည်။
“ကလေးတို့ရေ…မင်းတို့ရဲ့မေမေ ဘယ်မှာလဲကွယ်”
“သားဖွားဆေးရုံမှာ”
“ဖေဖေကော”
“စိန့်ပီတာဘုရားကျောင်းမှာ ထွန်းထားတဲ့ ဖယောင်းတိုင်ကို သွားမှုတ်ဖို့
ရောမမြို့ကို တက်သွားတယ်


-- 
အားလုံးပျော်ရွင်ပါစေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...